၂၀၁၂ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ အမေရိကန် လျို့ဝှက်သည်း ဖို ဇာတ်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန် အကြောင်းအရာကို နောက်ခံပြုခဲ့တာပါ။ ၁၉၇၉ခုနှစ်။ အီရန်နိုင်ငံ Tehran မှာ ရှိနေတဲ့ အမေရိ ကန်သံရုံးကို အီရန် ဆန္ဒပြသူတွေက ဝင်ရောက်စီးနင်းခဲ့ကြ ပါတယ်။ သံတမန် ၅၀ ကျော်ကို ပြန်ပေးဆွဲခဲ့ပါတယ်။ ဆန္ဒ ပြမှုတွေနဲ့ အတူ အီရန် နိုင်ငံတွင်း မငြိမ်မသက်မှုတွေ ကျယ် ပြန့်စွာ ဖြစ်ပေါ်နေတဲ့အချိန်မှာ အမေရိကန်သံရုံး ဝင်ရောက် စီးနင်းခံလိုက်ရတာပါ။ သံတမန် ၅၀ ကျော် ဓားစာခံအဖြစ် ပြန်ပေးဆွဲခံခဲ့ရပေမဲ့သံတမန် ခြောက်ဦးက ဆန္ဒပြသူတွေရဲ့ ဖမ်းဆီးခံရမှုကနေ လွတ်မြောက်ခဲ့ပါတယ်။ ဒီလိုလွတ်မြောက် ခဲ့တဲ့ သံတမန် ခြောက်ဦးကို အီရန်နိုင်ငံတွင်းကနေ ဘယ်လို ကယ်ထုတ်ခဲ့သလဲ ဆိုတာကို ဒီဇာတ်ကားမှာ တင်ပြခဲ့တာပါ။ […]

၂၀၁၂ခုနှစ်အတွင်းမှာ ထွက်ရှိခဲ့တဲ့ အမေရိကန် အက်ရှင်ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Mike McCoy နဲ့ Scott Waugh တို့က ရိုက်ကူးခဲ့ပါတယ်။ အမေရိကန် Navy SEALs တပ်ဖွဲ့ကို နောက်ခံထားပြီး ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားမှာ ထူးခြားချက်များစွာ ရှိနေပါတယ်။ ပထမတစ်ချက်ကတော့ Navy SEALs တပ်ဖွဲ့ဝင်တွေ ရဲ့ လှုပ်ရှားမှုကို Navy SEALs တပ်ဖွဲ့ဝင်တွေကို  ကိုယ်တိုင် သရုပ်ဆောင် စေခဲ့တာပါ။ နောက်တစ်ချက်ကတော့ ရိုက်ကူးမှု အများစုဟာ ဆက်တင်ဆင်ပြီး ရိုက်ကူးခဲ့တာမဟုတ်ဘဲ ပြင်ပမှာ အမှန်တကယ်လှုပ်ရှားနေတဲ့ စီမံချက်တွေထဲ ဝင်ရောက် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ရုပ်ရှင်ကင်မရာ အသုံးပြုမှုအပိုင်းမှာလည်း ထူးခြားမှုရှိခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေမှာ ပုံမှန်အသုံးပြုနေကျ ကင်မရာတွေကို မသုံးဘဲ Canon EOS 5D Mark […]

စာရေးဆရာ မိုပါဆွန်းရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည် ရိုက်ကူးခဲ့တာပါ။ ဝတ္ထုနာမည်က Bel Ami ဖြစ်ပါတယ်။ ဆရာတင့်တယ်က ပျိုတို့ အချစ်တော် နာမည် နဲ့ မြန်မာဘာသာ ပြန်ဆိုခဲ့ဖူးပါတယ်။  မူရင်းဝတ္ထု ကတော့ ၁၉၀၃ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးခဲ့သူက ဒစ်ကလန် ဒွန်နယ်လန် နဲ့ နစ်ခ်အော်မာရော့ဒ်တို့ နှစ်ဦး ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် ဂျော့ရှ်ဒူရွိုင်းနေရာမှာတော့ ရောဘတ် ပက်တင်ဆင်က သရုပ်ဆောင်ခဲ့ပါတယ်။ အူမာသာမန်၊ ခရစ္စ တင်း စကော့သောမတ်စ်၊ ခရစ္စတီးနားရစ်ချီနဲ့ ကောမ်မဲလ်နီ တို့က အဓိကဇာတ်ပို့တွေနေရာက သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားက ၁၉၃၉ခုနှစ်မှာတစ်ကြိမ်၊ ၁၉၄၉ခုနှစ်မှာတစ် ကြိမ် ထွက်ရှိခဲ့ဖူးပါတယ်။ ၁၉၃၉ခုနှစ်မှာ ထွက်ရှိစဉ်က Bel Ami နာမည်နဲ့ပဲ […]

မက်ဒေါနား ရဲ့ ခင်ပွန်းဟောင်း ဂိုင်းရစ်ချီ ရိုက် ကူးခဲ့တဲ့ လက်ရာတစ်ခု ပါပဲ။  ၂၀ဝ၉ခုနှစ်တုန်းက ဂိုင်းရစ်ရီ၊ ရောဘတ်ဒေါင်းနေး ဂျူနီယာ၊ ဂျုလောတို့ တွဲဖက်ပြီး  ရှားလော့ဟုမ်း ဇာတ်ကား တစ်ကားကို ဖန်တီးခဲ့ ပါသေးတယ်။ ရှားဟော့ဟုမ်းနေရာမှာ ဒေါင်းနေးဂျူနီယာက သရုပ်ဆောင် ခဲ့ပြီး ဒေါက်တာဝပ်ဆန်နေရာမှာတော့ဂျုလောက သရုပ် ဆောင်ခဲ့ပါတယ်။ ၂၀ဝ၉ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကား အောင်မြင်ခဲ့ပြီး နောက်မှာတော့ နောက်ဆက်တွဲ ဇာတ်ကားတစ်ကားကို ထပ် မံရိုက်ကူးဖို့ ဂိုင်းရစ်ချီက စဉ်းစားခဲ့ပါတယ်။ ဒေါင်းနေးဂျူ နီယာနဲ့ ဂျုလောတို့နဲ့ ပြန်လည်တွဲဖက်ပြီး အခု ဇာတ်ကား ကို ဖန်တီးခဲ့ပါတယ်။ ဇာတ်လမ်းကျောရိုးက Sir Arthur Canan Doyle  ရေးသားခဲ့တဲ့ The Final Problem  ၀တ္ထုရဲ့ […]

တူနီးရှား၊ ပြင်သစ်၊ အီတလီနဲ့ ကာတာစတဲ့ နိုင်ငံ လေးနိုင်ငံ ပူးပေါင်းပြီး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ် ပါတယ်။ အမေရိကန်ဒေါ်လာ ၅၅သန်းအကုန်ကျခံပြီး ရိုက်ကူးခဲ့တာ ကြောင့် အာရပ်ရုပ်ရှင် ဇာတ်ကားတွေထဲမှာတော့ ငွေကြေး အများဆုံး သုံးစွဲပြီး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတစ်ကားအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။ ပြင်သစ်ဒါရိုက်တာ  Jean-Jacques Annaud ကဒီဇာတ် ကားကို ရိုက်ကူးခဲ့ပါတယ်။ သူရိုက်ခဲ့တဲ့ ဇာတ်ကားတွေထဲ မှာ The Name of the Rose(1986) ၊ Seven Years in Tibet(1997) ၊ Enemy at the Gates (2001) ဇာတ်ကား တွေက နာမည်ကျော်ခဲ့ပါတယ်။ ဇာတ်ကားကိုရိုက်ကူးဖို့အ တွက် စာရေးဆရာ Hans […]

ဂျပန်နဲ့တရုတ်ပူးတွဲရိုက်ကူးခဲ့တဲ့ ဒရာမာဇာတ်ကားဖြစ် ပါတယ်။ မျိုးဆက်ကွာဟမှု၊ လူငယ်တွေရဲ့ခံယူချက် အစရှိ တာတွေကို ပြခဲ့ပါတယ်။ ဇာတ်လမ်းကျောရိုးထက် ဇာတ် ကားဖြစ်လာရတဲ့ နောက်ခံအကြောင်းတရားက ပိုပြီး စိတ်ဝင် စားစရာကောင်းပါ။ ဂျပန်နဲ့တရုတ်ဆိုတာ တစ်ချိန်တုန်းက ရန်ဘက်တွေဖြစ်ခဲ့ပါတယ်။ အခုချိန်မှာ တင်းမာမှုတွေ လျော့ ပါးသွားပြီ ဆိုပေမယ့် တရုတ်ရဲ့အင်အား ကြီးမားလာမှုကို ဂျပန်က သတိထား စောင့်ကြည့်နေရချိန်ဖြစ်ပါတယ်။ သ မိုင်းမှာရှိခဲ့တဲ့ အမုန်းတရားနဲ့ မျက်မှောက်ခေတ်အခြေအနေ တွေကို ကိုင်တွယ်ပြီး တရုတ်ဒါရိုက်တာ Jiang Qinmin က ရိုက်ကူးခဲ့ပါတယ်။ ကျောင်းပြီးသွားလို့ အလုပ်လက်မဲ့ဖြစ်နေတဲ့ လူငယ် တစ်ယောက်အလုပ်ရှာဖို့အတွက် ဂျပန်နိုင်ငံ၊တိုကျိုကိုရောက် ရှိသွားရာကနေ အစပြုပြီးကြုံတွေ့ခဲ့တာတွေကို ဒီဇာတ်လမ်း မှာ ပြသခဲ့ပါတယ်။ တိုကျိုကို ရောက်စနေ့မှာပဲ ဂျပန်အဘွား အိုတစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အမှတ်မထင် […]

ရှောင်န်ပင်းကို ထူးခြားတဲ့ ဇာတ်ကောင်စရိုက်နဲ့ ကြည့် ရှုရမယ့် ဇာတ်ကားဖြစ်ပါတယ်။ အီတလီဒါရိုက်တာ Paolo Sorrentino  က ရိုက်ကူးခဲ့တာပါ။ ပြင်သစ်နဲ့ အိုင်ယာလန်က ထုတ်လုပ်သူတွေ ပူးပေါင်းတင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၂၈သန်း အကုန်ကျခံပြီး ရိုက်ကူး ခဲ့တဲ့ ဒီဇာတ်ကားဟာ ဝင်ငွေရရှိမှုမှာတော့ မှန်းချက်နဲ့နှမ်း ထွက် မကိုက်ခဲ့ပါဘူး။ ပရိသတ်အကြိုက်လိုက်ပြီး ရိုက်ကူး ခဲ့တာ မဟုတ်ပါဘူး။ ရှောင်န်ပင်းအတွက်ဆိုရင်တော့ ထူးခြားမှုရှိတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ၂၀ဝ၈ခုနှစ်မှာ Milk ဇာတ်ကားနဲ့ အော်စကာဆုရခဲ့ပြီးနောက်ပိုင်း ရှောင်န်ပင်းရဲ့ သရုပ်ဆောင် ပုံတွေပြောင်းလဲခဲ့ပါတယ်။ အထူးသဖြင့် ဇာတ်ကားတစ်ကား နဲ့တစ်ကား မတူညီနဲ့ ထူးခြားမှုရှိတဲ့ ဇာတ်ကောင်စရိုက်တွေ ကို ဆက်တိုက်သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၀ပြည့်နှစ်မှာ Fair Game ဇာတ်ကား၊ ၂၀၁၁ခုနှစ်မှာ The Tree […]

၂၀ဝ၁ခုနှစ် စက်တင်ဘာလ ၁၁ရက်နေ့ 9/11 ဖြစ်စဉ်ကို အခြေပြုပြီး တင်ဆက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ တွမ် ဟန့်စ်နဲ့ ဆန်ဒရာဘူးလော့ကို အားဖြည့်ပြီး ရိုက်ကူးခဲ့ပေမယ့် ဆယ်ကျော်သက်သရုပ်ဆောင် သောမတ်စ်ဟွန်ကို အဓိက ထားပြီး ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ မူရင်းဝတ္ထုနာမည်ကလည်းExtremely Loud and Incredibly Close ပဲ ဖြစ်ပါတယ်။ စာရေးဆရာ  Jonathan Safran Foer က ရေးသားခဲ့ပြီး ၂၀ဝ၅ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဇာတ်ကားကို ရိုက်ကူးခဲ့သူက ဒါရိုက်တာ  Stephen Daldry ဖြစ်ပါတယ်။ ဇာတ်ကားကို ညွှန်းဆိုတဲ့ နေရာမှာ မိုက်ကယ်မိုးရဲ့Fahrenheit 9/11 နဲ့ ယှဉ်တွဲ ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။ ဇာတ်ကားနှစ်ကားရဲ့ အသွင် သဏ္ဍာန်နဲ့ အနှစ်သာရပိုင်းကတော့ ကွာခြားမှုရှိမှာပါ။ […]

ဒါရိုက်တာ Michael Sucsy က ဖန်တီးခဲ့ပါတယ်။ အဓိ က ဇာတ်ဆောင်နေရာမှာ Rachel McAdams နဲ့ Channing Tatum တို့က သရုပ်ဆောင်ခဲ့ပါတယ်။ Rachel McAdams က The Notebook ဇာတ်ကားနဲ့ နာမည်ကျော်ခဲ့သူပါ။ Channing Tatum ကတော့ အက်ရှင်ဒရာမာဇာတ်ကားတွေ မှာ သရုပ်ဆောင်လေ့ရှိသူ ဖြစ်ပါတယ်။ ဒါပေမဲ့ Dear Johnဇာတ်ကားမှာ ပါဝင်ခဲ့ပြီး နောက်ပိုင်း ဒရာမာသီးသန့် ဇာတ် ရုပ်တွေဘက် ခြေဦးလှည့်လာသူ ဖြစ်ပါတယ်။  ဒါရိုက်တာMichael Sucsy က Grey Gardens   ဇာတ်ကားတစ် ကား တည်းကိုသာ ရိုက်ကူးခဲ့ဖူးပြီး အဲဒီဇာတ်ကားနဲ့ပဲ နာမည် ကျော်ခဲ့သူဖြစ်ပါတယ်။ The Vow ဇာတ်ကားကို […]

ဟာသဇာတ်မြူးစာရင်းဝင် ဇာတ်ကားတစ်ကား ဖြစ် ပါတယ်။ ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ပြထားတယ်လို့ ဆိုပါ တယ်။ လူဦးသုံးရဲ့ ဘဝနောက်ခံ၊ ပန်းတိုင်တစ်ခုနဲ့ ကွဲပြား တဲ့ ရည်ရွယ်ချက်တွေကို ပုံဖော်ခဲ့တာပါ။ The Big Year ဆိုတဲ့ ဝေါဟာရက ငှက်ဝါသနာရှင်တွေ ကြားမှာ ရေးပန်းစားခဲ့ပြီးသား စကားလုံးဖြစ်ပါတယ်။ အမေ ရိကန် ငှက်ကြည့်အသင်းက စတင်ခဲ့တဲ့ ဓလေ့တစ်ခုကို အ ကြောင်းပြုပြီး ဒီဝေါဟာရပေါ်လာခဲ့တာပါ။ ငှက်ဝါသနာရှင် ဘယ်သူမဆို စိတ်ကူးယဉ်နိုင်တဲ့ ပြိုင်ပွဲတစ်ခုကို အမေရိကန် ငှက်ကြည့်အသင်းက ၁၉၃၄ခုနှစ်မှာ စတင်ခဲ့ပါတယ်။ နှစ် တစ်နှစ်ထဲမှာ ငှက်အမျိုးအစားအများဆုံး ရှာဖွေနိုင်သူကို ဂုဏ်ပြုတဲ့ ပြိုင်ပွဲတစ်ရပ်ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးဖို့ အခြေခံထားခဲ့တဲ့ The Big Yearဝတ္ထုက ၁၉၉၈ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ စာရေးဆ ရာ […]