Category Drama

Argo(2012)

၂၀၁၂ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ အမေရိကန် လျို့ဝှက်သည်း ဖို ဇာတ်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန် အကြောင်းအရာကို နောက်ခံပြုခဲ့တာပါ။ ၁၉၇၉ခုနှစ်။ အီရန်နိုင်ငံ Tehran မှာ ရှိနေတဲ့ အမေရိ ကန်သံရုံးကို အီရန် ဆန္ဒပြသူတွေက ဝင်ရောက်စီးနင်းခဲ့ကြ ပါတယ်။ သံတမန် ၅၀ ကျော်ကို ပြန်ပေးဆွဲခဲ့ပါတယ်။ ဆန္ဒ ပြမှုတွေနဲ့ အတူ အီရန် နိုင်ငံတွင်း မငြိမ်မသက်မှုတွေ ကျယ် ပြန့်စွာ ဖြစ်ပေါ်နေတဲ့အချိန်မှာ အမေရိကန်သံရုံး ဝင်ရောက် စီးနင်းခံလိုက်ရတာပါ။ သံတမန် ၅၀ ကျော် ဓားစာခံအဖြစ် ပြန်ပေးဆွဲခံခဲ့ရပေမဲ့သံတမန် ခြောက်ဦးက ဆန္ဒပြသူတွေရဲ့ ဖမ်းဆီးခံရမှုကနေ လွတ်မြောက်ခဲ့ပါတယ်။ ဒီလိုလွတ်မြောက် ခဲ့တဲ့ သံတမန် ခြောက်ဦးကို အီရန်နိုင်ငံတွင်းကနေ ဘယ်လို ကယ်ထုတ်ခဲ့သလဲ ဆိုတာကို ဒီဇာတ်ကားမှာ တင်ပြခဲ့တာပါ။ […]

Bel Ami (2012)

စာရေးဆရာ မိုပါဆွန်းရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည် ရိုက်ကူးခဲ့တာပါ။ ဝတ္ထုနာမည်က Bel Ami ဖြစ်ပါတယ်။ ဆရာတင့်တယ်က ပျိုတို့ အချစ်တော် နာမည် နဲ့ မြန်မာဘာသာ ပြန်ဆိုခဲ့ဖူးပါတယ်။  မူရင်းဝတ္ထု ကတော့ ၁၉၀၃ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးခဲ့သူက ဒစ်ကလန် ဒွန်နယ်လန် နဲ့ နစ်ခ်အော်မာရော့ဒ်တို့ နှစ်ဦး ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် ဂျော့ရှ်ဒူရွိုင်းနေရာမှာတော့ ရောဘတ် ပက်တင်ဆင်က သရုပ်ဆောင်ခဲ့ပါတယ်။ အူမာသာမန်၊ ခရစ္စ တင်း စကော့သောမတ်စ်၊ ခရစ္စတီးနားရစ်ချီနဲ့ ကောမ်မဲလ်နီ တို့က အဓိကဇာတ်ပို့တွေနေရာက သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားက ၁၉၃၉ခုနှစ်မှာတစ်ကြိမ်၊ ၁၉၄၉ခုနှစ်မှာတစ် ကြိမ် ထွက်ရှိခဲ့ဖူးပါတယ်။ ၁၉၃၉ခုနှစ်မှာ ထွက်ရှိစဉ်က Bel Ami နာမည်နဲ့ပဲ […]

Black Gold (2011)

တူနီးရှား၊ ပြင်သစ်၊ အီတလီနဲ့ ကာတာစတဲ့ နိုင်ငံ လေးနိုင်ငံ ပူးပေါင်းပြီး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ် ပါတယ်။ အမေရိကန်ဒေါ်လာ ၅၅သန်းအကုန်ကျခံပြီး ရိုက်ကူးခဲ့တာ ကြောင့် အာရပ်ရုပ်ရှင် ဇာတ်ကားတွေထဲမှာတော့ ငွေကြေး အများဆုံး သုံးစွဲပြီး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတစ်ကားအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။ ပြင်သစ်ဒါရိုက်တာ  Jean-Jacques Annaud ကဒီဇာတ် ကားကို ရိုက်ကူးခဲ့ပါတယ်။ သူရိုက်ခဲ့တဲ့ ဇာတ်ကားတွေထဲ မှာ The Name of the Rose(1986) ၊ Seven Years in Tibet(1997) ၊ Enemy at the Gates (2001) ဇာတ်ကား တွေက နာမည်ကျော်ခဲ့ပါတယ်။ ဇာတ်ကားကိုရိုက်ကူးဖို့အ တွက် စာရေးဆရာ Hans […]

Tokyo Newcomer (2011)

ဂျပန်နဲ့တရုတ်ပူးတွဲရိုက်ကူးခဲ့တဲ့ ဒရာမာဇာတ်ကားဖြစ် ပါတယ်။ မျိုးဆက်ကွာဟမှု၊ လူငယ်တွေရဲ့ခံယူချက် အစရှိ တာတွေကို ပြခဲ့ပါတယ်။ ဇာတ်လမ်းကျောရိုးထက် ဇာတ် ကားဖြစ်လာရတဲ့ နောက်ခံအကြောင်းတရားက ပိုပြီး စိတ်ဝင် စားစရာကောင်းပါ။ ဂျပန်နဲ့တရုတ်ဆိုတာ တစ်ချိန်တုန်းက ရန်ဘက်တွေဖြစ်ခဲ့ပါတယ်။ အခုချိန်မှာ တင်းမာမှုတွေ လျော့ ပါးသွားပြီ ဆိုပေမယ့် တရုတ်ရဲ့အင်အား ကြီးမားလာမှုကို ဂျပန်က သတိထား စောင့်ကြည့်နေရချိန်ဖြစ်ပါတယ်။ သ မိုင်းမှာရှိခဲ့တဲ့ အမုန်းတရားနဲ့ မျက်မှောက်ခေတ်အခြေအနေ တွေကို ကိုင်တွယ်ပြီး တရုတ်ဒါရိုက်တာ Jiang Qinmin က ရိုက်ကူးခဲ့ပါတယ်။ ကျောင်းပြီးသွားလို့ အလုပ်လက်မဲ့ဖြစ်နေတဲ့ လူငယ် တစ်ယောက်အလုပ်ရှာဖို့အတွက် ဂျပန်နိုင်ငံ၊တိုကျိုကိုရောက် ရှိသွားရာကနေ အစပြုပြီးကြုံတွေ့ခဲ့တာတွေကို ဒီဇာတ်လမ်း မှာ ပြသခဲ့ပါတယ်။ တိုကျိုကို ရောက်စနေ့မှာပဲ ဂျပန်အဘွား အိုတစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အမှတ်မထင် […]

This Must Be the Place (2011)

ရှောင်န်ပင်းကို ထူးခြားတဲ့ ဇာတ်ကောင်စရိုက်နဲ့ ကြည့် ရှုရမယ့် ဇာတ်ကားဖြစ်ပါတယ်။ အီတလီဒါရိုက်တာ Paolo Sorrentino  က ရိုက်ကူးခဲ့တာပါ။ ပြင်သစ်နဲ့ အိုင်ယာလန်က ထုတ်လုပ်သူတွေ ပူးပေါင်းတင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၂၈သန်း အကုန်ကျခံပြီး ရိုက်ကူး ခဲ့တဲ့ ဒီဇာတ်ကားဟာ ဝင်ငွေရရှိမှုမှာတော့ မှန်းချက်နဲ့နှမ်း ထွက် မကိုက်ခဲ့ပါဘူး။ ပရိသတ်အကြိုက်လိုက်ပြီး ရိုက်ကူး ခဲ့တာ မဟုတ်ပါဘူး။ ရှောင်န်ပင်းအတွက်ဆိုရင်တော့ ထူးခြားမှုရှိတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ၂၀ဝ၈ခုနှစ်မှာ Milk ဇာတ်ကားနဲ့ အော်စကာဆုရခဲ့ပြီးနောက်ပိုင်း ရှောင်န်ပင်းရဲ့ သရုပ်ဆောင် ပုံတွေပြောင်းလဲခဲ့ပါတယ်။ အထူးသဖြင့် ဇာတ်ကားတစ်ကား နဲ့တစ်ကား မတူညီနဲ့ ထူးခြားမှုရှိတဲ့ ဇာတ်ကောင်စရိုက်တွေ ကို ဆက်တိုက်သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၀ပြည့်နှစ်မှာ Fair Game ဇာတ်ကား၊ ၂၀၁၁ခုနှစ်မှာ The Tree […]

Extremely Loud and Incredibly Close (2011)

၂၀ဝ၁ခုနှစ် စက်တင်ဘာလ ၁၁ရက်နေ့ 9/11 ဖြစ်စဉ်ကို အခြေပြုပြီး တင်ဆက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ တွမ် ဟန့်စ်နဲ့ ဆန်ဒရာဘူးလော့ကို အားဖြည့်ပြီး ရိုက်ကူးခဲ့ပေမယ့် ဆယ်ကျော်သက်သရုပ်ဆောင် သောမတ်စ်ဟွန်ကို အဓိက ထားပြီး ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ မူရင်းဝတ္ထုနာမည်ကလည်းExtremely Loud and Incredibly Close ပဲ ဖြစ်ပါတယ်။ စာရေးဆရာ  Jonathan Safran Foer က ရေးသားခဲ့ပြီး ၂၀ဝ၅ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဇာတ်ကားကို ရိုက်ကူးခဲ့သူက ဒါရိုက်တာ  Stephen Daldry ဖြစ်ပါတယ်။ ဇာတ်ကားကို ညွှန်းဆိုတဲ့ နေရာမှာ မိုက်ကယ်မိုးရဲ့Fahrenheit 9/11 နဲ့ ယှဉ်တွဲ ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။ ဇာတ်ကားနှစ်ကားရဲ့ အသွင် သဏ္ဍာန်နဲ့ အနှစ်သာရပိုင်းကတော့ ကွာခြားမှုရှိမှာပါ။ […]

My Week with Marilyn (2011)

၁၉၆၂ခုနှစ်။ ဩဂုတ်လ ၅ရက်နေ့မှာ မာရီလင်မွန်ရိုး ရုတ်တရက် ကွယ်လွန်ခဲ့ပါတယ်။ အသက် ၃၆နှစ်အရွယ် တောက်ပနေဆဲ ကာလမှာ ကွယ်လွန်သွားခဲ့သူပါ။ ၂၀၁၂ခု နှစ်။ ဒီနေ့ အချိန်မှာတော့ မွန်ရိုးကွယ်လွန်ခဲ့တာ နှစ် ၅၀ပြည့် ခဲ့ပါပြီ။ ကွယ်လွန်ခဲ့ပြီး နှစ်ငါးဆယ်ကြာသည့်နောက် ဆို ပေမယ့် မွန်ရိုးဟာ အဖန်ဖန် ပြန်လည်နိုးထခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေ၊ သီချင်းတွေ၊ စာအုပ်တွေက တစ်ဆင့် အကြိမ်ကြိမ် ပြန်လည်နိုးထခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ မွန်ရိုးဟာ ဟောလိဝုဒ်မှာ မကျွတ်လွတ်နိုင်တဲ့ တစ္ဆေဖြစ်လာ ခဲ့ပါတယ်။ ဒီဇာတ်ကားကလည်း မွန်ရိုးကို ပြန်လည်နိုးထစေခဲ့တာ ပဲ ဖြစ်ပါတယ်။ အတိတ်ရဲ့  ရုပ်ပုံကားချပ်တစ်ခုကို အသစ် တစ်ဖန်ခြယ်မှုန်းခဲ့ခြင်းပါပဲ။ ဇာတ်ကားကို ဗြိတိန်ဒါရိုက်တာ ဆိုင်မွန်ကားတစ်က ဖန်တီးခဲ့ပါတယ်။ ဒီဇာတ်ကား တစ် ကားတည်းနဲ့ […]

The Descendants (2011)

၂၀၁၁ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အမေရိကန် ဒရာမာ ဇာတ် ကားဖြစ်ပါတယ်။ အကျပ်အတည်းတစ်ခုကို ကြုံလာတဲ့အ ခါမှာ ဖြစ်တတ်တဲ့ လွဲချော်မှုတွေကို တင်ပြထားခဲ့ပါတယ်။ ဇာတ်လမ်းပိုင်းအရ ထူးခြားမှုရှိတယ် ဆိုနိုင်ပေမယ့် ဒီဇာတ် ကားမှာ တစ်ကယ်ကောင်းသွားခဲ့တာက ဂျော့ရှ်ကလူနီ ဖြစ် ပါတယ်။ ဒုက္ခပင်လယ်ဝေနေတဲ့ ဖခင်တစ်ဦးရဲ့ ဇာတ်ရုပ် နေရာကနေ သရုပ်ဆောင်ခဲ့ပါတယ်။ ဟိုနိုလူလူမှာ အခြေစိုက်တဲ့ ဥပဒေအတိုင်ပင်ခံ တစ်ဦး နေရာကနေ ကလူနီက သရုပ်ဆောင်ခဲ့ပါတယ်။ သူရင်ဆိုင် နေရတဲ့ ပြဿနာက နှစ်ခုရှိပါတယ်။ ပထမတစ်ခုက ဧက ၂၅၀ဝ၀ ရှိတဲ့ ဘိုးဘွားပိုင်မြေကို ရောင်းချနိုင်ဖို့ အစီအစဉ် ဖြစ်ပါတယ်။ ဆွေမျိုးသားချင်းတွေအကြား သဘောတူညီ မှုရပြီဆိုရင်တော့ ရောင်းလို့ရနိုင်မယ့် အနေအထားပါ။ သူ့ရဲ့ သဘောကတော့ ဘိုးဘွားပိုင်မြေကို သူတို့လက်ထက်ရောက် မှ […]

The Help (2011)

ရွှေကမ္ဘာလုံး ရုပ်ရှင်ထူးချွန်ဆုအတွက် ဆန်ခါတင်စာ ရင်းတင်သွင်းခံထားရတဲ့ ဇာတ်ကားဖြစ်သလို အော်စကာ ရာသီမှာ ထူးချွန်ဆုအများအပြားရနိုင်တယ်လို့ ကြိုတင်ခန့် မှန်းခံခဲ့ရတဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ လူဖြူလူ မည်းပြဿနာကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ ရှေးရိုး ပုံစံမျိုးဆိုပေမဲ့ ဒါရိုက်တာရဲ့ ဇာတ်လမ်းနိုင်နင်းမှု၊ သရုပ် ဆောင်တွေရဲ့ စရိုက်ပီပြင်မှုတွေက ဇာတ်ကားကို စိတ်ဝင်စား မှုပိုစေတယ်လို့ ရုပ်ရှင်အကဲဖြတ်တွေက သုံးသပ်ကြပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ တိတ်တေလာက ရိုက်ကူး ခဲ့ပါတယ်။ The Help က တေလာရဲ့ ဒုတိယ ဇာတ်ကားဖြစ် ပါတယ်။ ဇာတ်ကားကို ရိုက်ကူးဖို့အတွက် ကတ်သရင်း စတော့ကစ်ရဲ့ ဝတ္ထုကို အခြေခံခဲ့ပါတယ်။ စတော့ကစ်နဲ့တေ လာတို့ဟာ ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်ကြပြီး ကျောင်းနေ ဖက်တွေလည်း ဖြစ်ပါတယ်။ စတော့ကစ်က သူရဲ့ဝတ္ထုကို ရုပ်ရှင်ရိုက်ဖို့အတွက် […]

The Rum Diary (2011)

ဂျွန်နီဒက်ကိုယ်တိုင် သရုပ်ဆောင်ပြီး ထုတ်လုပ်သူ အ ဖြစ်ငွေရင်းစိုက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ အစဉ်အလာ အားဖြင့်နောက် နာမည်ကျော် ဟောလိဝုဒ်သရုပ်ဆောင်တွေ ကိုယ်တိုင် ဇာတ်ကား ထုတ်လုပ်သူ အဖြစ် လုပ်ဆောင်၊ ကိုယ် တိုင်လည်း ပါဝင်သရုပ်ဆောင်ကြတဲ့ ဇာတ်ကားတွေဟာ  အဆင်ချောလေ့မရှိကြပါဘူး။ အနုပညာအရ ဝေဖန်ခံရတာတွေ ရှိသလို ငွေကြေးအရ တွက်ချေမကိုက်ဖြစ်ရတာတွေလည်း ရှိတတ်ပါတယ်။ ဂျွန်နီဒက် ဒီဇာတ်ကားကတော့ ငွေကြေး အရ အောင်မြင်ခဲ့တယ်လို့ မဆိုနိုင်ပါဘူး။ ဒါပေမဲ့ ဒီဇာတ် ကားကို ငွေကြေးအကျိုးအမြတ်အတွက် အဓိကထားပြီး ရိုက် ကူးခဲ့တာ မဟုတ်ပါဘူး။ The Rum Diary  ဇာတ်ကားဟာ ဂျာနယ်လစ်တစ်ဦးရဲ့ ဘဝဇာတ်ကြောင်း တစ်စိတ် တစ်ဒေသကို တင်ပြခဲ့တာဖြစ် ပါတယ်။ ဖြစ်ရပ်မှန် အကြောင်းအရာဖြစ်ပါတယ်။ စာရေးဆရာ ဂျာနယ်လစ်တစ်ဦး အဖြစ် […]