Category Medical Thriller Disaster

Contagion (2011)

သရုပ်ဆောင် အင်အား ကောင်းကောင်းဖြင့် ရိုက်ကူးခဲ့သော ဇာတ်ကားဖြစ်သည်။ ယခုဇာတ်ကားကို Kafka ၊ Ocean’s Eleven၊  Ocean’s Twelve၊ Ocean’s Thirteen နှင့် Bubble ဇာတ်ကားများကို ရိုက်ကူးခဲ့သော ဒါရိုက်တာ စတီဗင် ဆိုဒါဘာက ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ မာရီယွန် ကောတေးလာ့ဒ်၊မက်ဒေမွန်၊ ဂျုလော၊ ဂွင်းနက် ပက်ထရို၊ ကိတ်ဝင်းစလက်နှင့်  ဘရိုင်ယန် ကရန်စတင်တို့က ပါဝင်သရုပ်ဆောင် ထားခဲ့ပါသည်။ လျို့ဝှက်သည်းဖို ဇာတ်ကားအမျိုးအစား အဖြစ် သတ်မှတ်ခဲ့သည်။ ကူးစက်ရောဂါပိုးတစ်ခု၏ ပျံ့နှံ့မှုကို နောက်ခံပြုပြီး ယခုဇာတ်ကားကို တင်ပြခဲ့ခြင်းဖြစ်သည်။ MEV 1 ဟု အ မည်ပေးခဲ့သော အဆိုပါရောဂါပိုး၏ ကူးစက်ပုံမှာ H1N1ကဲ့သို့ဖြစ်ပြီး ပိုမိုပြင်းထန်သည့် အသွင်ကိုဆောင်ခဲ့ပါသည်။ ရောဂါပိုး ကူးစက်ခံရသူ၏ အဆုတ်ကို […]