War Horse (2011)

ဒါရိုက်တာ စတီဗင် စပီးဘတ်ရဲ့ ၂၀၁၁ခုနှစ် စစ်ပွဲ နောက်ခံ ဇာတ်ကားဖြစ်ပါတယ်။
အော်စကာဆု အတွက် အ ကောင်းဆုံး ဇာတ်ကားဆု အပါအဝင် ဆုခြောက်ဆုအတွက်
ဆန်ခါတင် စာရင်း လျာထားခံခဲ့ရတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဗြိတိန်ရုပ်ရှင်ထူးချွန်ဆုအတွက်
ငါးဆု လျာထားခံခဲ့ ရပါတယ်။ ရွှေကမ္ဘာလုံး ရုပ်ရှင်ထူးချွန်ဆုအတွက် ဆုနှစ်ဆု
လျာထားခံခဲ့ရပေမယ့် ဆုမရှိခဲ့ပါဘူး။

ပထမကမ္ဘာစစ် အင်္ဂလန်ကို နောက်ခံပြုပြီး ရိုက်ကူးခဲ့ တဲ့ ဒီဇာတ်ကားဟာ စပီးဘတ်ရဲ့
ဇာတ်ကားတွေကို ရိုးအီ နေတဲ့ ပရိသတ်တွေအတွက် ရသအသစ်ကို ရရှိမှာဖြစ်ပါ တယ်။
အထူးသဖြင့် လူနဲ့ တိရိစ္ဆာန်ကြားက  သံယောဇဉ်ကို ဖွဲ့တဲ့အခါ မြင်းတစ်ကောင်ရဲ့ သိမှုကို
ပီပြင်အောင် ရိုက်ကူး ပြနိုင်ခဲ့တာဖြစ်ပါတယ်။

ဆယ်ကျော်သက် လူငယ်လေး အဲလ်ဘတ်က မြင်းတစ် မီးဖွားနေတဲ့ ဖြစ်စဉ်ကို
ယာခင်း ခြံစည်းရိုးတန်းအောက်က တစ်ဆင့် ကြည့်ရှုနေတဲ့ ဇာတ်ဝင်ခန်းနဲ့ ဇာတ်ကားကို
စခဲ့ ပါတယ်။ စစ်ပွဲနောက်ခံဇာတ်ကားဆိုပေမယ့် တိုက်ပွဲဇာတ် ဝင်ခန်းနဲ့ စပြီး မပြခဲ့တာဟာ
ဒီဇာတ်ကားရဲ့ ပထမဆုံးထူး ခြားချက်ဖြစ်ပါတယ်။ အင်္ဂလန်ကျေးလက်ရှုခင်းကို
နောက်ခံထားခဲ့ပါတယ်။

ဒီနောက်မှာ မြင်းတစ်ကောင်ရဲ့ ကြီးပြင်းလာမှုကို ပြသ ခဲ့ပါတယ်။ အဲလ်ဘတ်အနေနဲ့
တစ်စထက်တစ်စ ကြီးပြင်း လာတဲ့ မြင်းပေါက်လေးကို သံယောဇဉ်ဖြစ်မိပေမယ့် ဒီမြင်း ဟာ
သူပိုင်ဆိုင်တဲ့ မြင်းတော့  မဟုတ်ခဲ့ပါဘူး။ တိုက်ဆိုင်မှု လို့ ထင်မှတ်နိုင်ပါတယ်။

တစ်နေ့မှာတော့ အဲလ်ဘတ်ရဲ့ ဖခင်ဖြစ်သူက မြင်းတစ်ကောင်ကို သာမန်ပေါက်ဈေးထက်
ဈေးပိုပေးပြီး လေလံဆွဲလာပါတယ်။ အဲဒီမြင်းက အဲလ် လတ်သံယောဇဉ်တွယ်နေခဲ့တဲ့ မြင်းဖြစ်ပါတယ်။
အဲလ်ဘတ် အတွက် ပျော်စရာဖြစ်ပေမယ့် မိသားစုအတွက် စိတ်ဆင်းရဲ စရာ ဖြစ်ခဲ့ပါတယ်။

အဲလ်ဘတ်ရဲ့ ဖခင် ဖြစ် သူက ခြေတစ်ဖက်မသန်သူ ဖြစ်သ လို ငွေကြေးချမ်းသာသူလည်း
မဟုတ် ပါဘူး။ ပိုင်ဆိုင်ထားတဲ့ ယာမြေတွေ က လည်း အရိုင်းပြန်ဖြစ်နေတာကြောင့်
သီး နှံအထွက်ဆိုတာ မရှိပဲဝင်ငွေက ပုံမှန်မရှိ ပါဘူး။ ဒီအချိန်မှာ မြင်းတစ်ကောင်ကို
သာမန်ပေါက်ဈေးထက် ဈေးပိုပေးခဲ့ပြီး သူတစ်ပါးဆီက ငွေချေးပြီး ဝယ်လာခဲ့ ပါတယ်။
ဖခင်ဖြစ်သူရဲ့ လုပ်ရပ်ကို အဲလ်ဘတ်ရဲ့ မိခင်က ဒေါသပုန်ထခဲ့ပါ တယ်။ ဝယ်လာတဲ့မြင်းကို
ပြန်သွား ရောင်းဖို့ တွန်းအားပေးခဲ့ပါတယ်။ အဲလ် ဘတ်က ဖခင်ကိုယ်စား ငြင်းဆန်ခဲ့ပါ တယ်။
မြင်းကိုလည်း သူကိုယ်တိုင်လေ့ ကျင့်သင်ကြားပေးမယ်လို့ဆိုခဲ့ပါတယ်။

အကြွေးကိစ္စကတော့ မိသားစုတွင်း အပူ တစ်ခု ဖြစ်ခဲ့ပါတော့တယ်။ မိသားစုပိုင် ယာမြေကို
မြင်းတစ် ကောင်နဲ့ ထွန်ယက်ဖို့ ကြိုးစားတာဟာ အဲလ်ဘတ်ရဲ့ ပထမ ရည်ရွယ်ချက် ဖြစ် ပါတယ်။
ဒီရည်ရွယ်ချက်ကို အကောင် အထည်ဖော်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ ပါတယ်။

အောင်မြင်သွားခဲ့ပေမယ့်  ထင် မှတ်မထားတာ ပေါ်လာပါတယ်။ ဒါက တော့ ပထမကမ္ဘာစစ်ထဲကို
ပါလာခဲ့တဲ့ အင်္ဂလန်စစ်တပ်မှာ မြင်းကောင်ရေ လို အပ်လာတာဖြစ်ပါတယ်။

စစ်ပွဲ နောက်ခံဆိုပေမယ့် ဒီဇာတ် ကားကို ဒရာမာအသားပေပုံစံမျိုးနဲ့ စပီး ဘတ်က ရိုက်ကူးခဲ့ပါတယ်။
ကြည့်ရှုသူ တွေဘက်က ချီးကျူးမှုရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ထူးခြားတာ က ဒီဇာတ်ကားရုံမတင်ခင်
တစ်ရက်မှာ တရားမဝင် အွန်လိုင်းပေါ် ပျံ့နှံ့သွားခဲ့တာပါ။ ဘလောဂါတွေက ဒီဇာတ်ကားကို ပထမဆုံး
ချီးကျူးခဲ့ပါတယ်။

Leave a comment